SBS Burmese-logo

SBS Burmese

SBS (Australia)

Independent news and stories connecting you to life in Australia and Burmese-speaking Australians. - သင့်ကို သြစတြေလျမှာရှိတဲ့ ဘ၀နဲ့ မြန်မာစကားပြောတဲ့ သြစတြေလျံတွေကို၊ လွတ်လပ်တဲ့သတင်းနဲ့ အကြောင်းရာများကို ဆက်နွယ်ပေးထားပါတယ်။

Location:

Sydney, NSW

Description:

Independent news and stories connecting you to life in Australia and Burmese-speaking Australians. - သင့်ကို သြစတြေလျမှာရှိတဲ့ ဘ၀နဲ့ မြန်မာစကားပြောတဲ့ သြစတြေလျံတွေကို၊ လွတ်လပ်တဲ့သတင်းနဲ့ အကြောင်းရာများကို ဆက်နွယ်ပေးထားပါတယ်။

Language:

Multilingual

Contact:

SBS Radio Sydney Locked Bag 028 Crows Nest NSW 1585 Australia (02) 9430 2828


Episodes

ကျီးလန့်စာစား မြန်မာရွှေ့ပြောင်းများ

2/26/2025
ထိုင်းနိုင်ငံ ရဲချုပ်က နိုင်ငံတွင်း နေထိုင်တဲ့ နိုင်ငံခြားသားတွေရဲ့ ဥပဒေ နဲ့မညီတဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်အရေးယူဖို့ အခုလ ၁၇ ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

Duration:00:10:46

Ask host to enable sharing for playback control

How can government payments support you? - အစိုးရရဲ့ ထောက်ပံ့ကြေးကို သင်ခံစားခွင့် ရှိပါသလား

2/26/2025
The Australian government has a social security system that provides a range of income support to those who are eligible . In fact, most people will receive a government payment at some stage in their lives. Strict rules determine who can receive these payments and how much they are paid. In this episode of Australia Explained we break down some of the most common government payments you may be entitled to. - ဒီတစ်ပတ်အတွက် Australia Explained အစီအစဥ်မှာ အစိုးရကပေးတဲ့ ထောက်ပံ့ကြေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ရှင်းပြမှာ ဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံဟာ လူမှုလုံခြုံရေးစနစ်ကို ကျင့်သုံးတဲ့နိုင်ငံဖြစ်တဲ့အတွက် ဝင်ငွေနည်းသူတွေအတွက် ရသင့်ရထိုက်တဲ့ ထောက်ပံ့မှု အမျိုးမျိုး ရှိပါတယ်။

Duration:00:15:26

Ask host to enable sharing for playback control

၂၀၂၅ ဖေဖော်ဝါရီ ၂၇ သတင်းများ

2/26/2025
ယူကရိန်းသမ္မတက လုံခြုံရေးအာမခံချက် ရမရ အပေါ်မူတည်ပြီးမှ အမေရိကန်နဲ့ သဘောတူညီမှု လက်မှတ်ထိုးနိုင်မယ်လို့ ပြောတဲ့အကြောင်း အစီရင်ခံစာအသစ်တစ်ခုအရ ဩစတြေးလျအနေနဲ့ ညစ်ညမ်းကာဗွန်ထုတ်လုပ်မှုကို မလျှော့ချနိုင်ရင် ဆိုးဝါးတဲ့ ရာသီဥတု ပြောင်းလဲမှု ခံစားရနိုင်တဲ့အကြောင်းနဲ့ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်ခွင့်တချို့ ပြန်ရတဲ့အကြောင်းနဲ့ တခြားထူးခြားတဲ့ သတင်းတွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။

Duration:00:10:51

Ask host to enable sharing for playback control

ဖေဖော်ဝါရီ ၂၅ အတွက် သတင်းများ

2/24/2025
ဒီကနေ့ ထိပ်တန်းရောက်နေတဲ့ သတင်းတွေက ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေးဟာ လုံခြုံရေးအာမခံ ရရှိဖို့ အကောင်းဆုံးဖြစ်တယ်လို့ ထပ်မံ ပြောဆိုတဲ့အကြောင်း ဩစတြေးလျနိုင်ငံမှာ ရှိနေတဲ့ ခိုလှုံခွင့် တောင်းလိုသူတွေရဲ့ အနေအထားနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းမှု ဖြစ်နေတဲ့အကြောင်းနဲ့ ကရင်နယ်ခြားစောင့်တပ် BGF က ကျားဖြန့်တွေ ထိန်းသိမ်းတဲ့ လူ ၆၀၀၀ ကို ပြန်လွတ်ပေးဖို့ လုပ်နေတဲ့ သတင်းတွေအပြင် တခြားထူးခြားတဲ့ သတင်းတွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။

Duration:00:14:04

Ask host to enable sharing for playback control

သက်သာတဲ့ ကျောင်းချိန်ပြင်ပ လှုပ်ရှားမှုများကို ရရှိဖို့ ဘယ်လို လုပ်နိုင်သလဲ

2/24/2025
ဒီတစ်ပတ်အတွက် Australia Explained အစီအစဥ်မှာ ကျောင်းချိန်ပြင်ပ လှုပ်ရှားမှုများ after-school activities နဲ့ ပတ်သက်တဲ့အကြောင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

Duration:00:13:05

Ask host to enable sharing for playback control

မြန်မာအတွက် အရေးဆိုပေးသူတွေ ဘာတွေ ပြင်ဆင်နေကြသလဲ

2/24/2025
အမေရိကန်နိုင်ငံက Burmese America Community Institute ရဲ့ Executive Director Elaisa Vahnie ဟာ ဩစတြေးလျနိုင်ငံကို ရောက်ရှိနေပါတယ်။

Duration:00:12:09

Ask host to enable sharing for playback control

နွေဦးခရီးကြမ်းက တော်လှန်အမျိုးသမီးများ

2/24/2025
မြန်မာ့လူ့အဖွဲ့အစည်းမှာ ရှေးရိုးစွဲ ဓလေ့ ထုံးတမ်းတွေကြား ကြီးပြင်းလာရတဲ့ အမျိုးသမီးတွေဟာ လက်ရှိ နွေဦးတော်လှန်ရေးကာလမှာတော့ အယူအဆတွေ ပြောင်းပြန်လှန်လိုက်သလို ပြောင်းလဲခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

Duration:00:10:01

Ask host to enable sharing for playback control

၂၀၂၅ ဖေဖော်ဝါရီ ၂၄ လျပ်တပြတ်သတင်းများ

2/24/2025
ဩစတြေးလျက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ် ထပ်မံ ချမှတ်လိုက်တဲ့အကြောင်း မယ်ဒီခဲအတွက် အစိုးရက ဒေါ်လာ ၈.၅ ဘီလီယံ ရာထားတာနဲ့ ပတ်သက်ပြီး သူတို့သာ အာဏာရရင် ဘယ်လို အသုံးပြုသွားမလဲ ဆိုတာကို ပါတီကြီးတွေက ချပြနေတဲ့အကြောင်းနဲ့ မာထေးလ်ဒါ အမျိုးသမီးအသင်းဟာ အမေရိကန် အသင်းကို ရှုံးနိမ့်သွားတဲ့အကြောင်းတွေ အပြင် တခြား ထူးခြားတဲ့ သတင်းတွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။

Duration:00:05:46

Ask host to enable sharing for playback control

ဖေဖော်ဝါရီ ၂၀ မှာ ကျင်းပတဲ့ ချင်းအမျိုးသားနေ့

2/19/2025
ဖေဖော်ဝါရီလ ၂၀ ရက်ဟာ ချင်းအမျိုးသားနေ့ ဖြစ်ပါတယ်။

Duration:00:09:10

Ask host to enable sharing for playback control

၂၀၂၅ ဖေဖော်ဝါရီ ၂၀ သတင်းများ

2/19/2025
ကလေးလူငယ်တွေဟာ အစွန်းရောက်တဲ့ အွန်လိုင်းအချက်အလက်တွေနဲ့ ပစ်မှတ်ထားခံရပြီး အစွန်းရောက်သမားတွေ ဖြစ်လာမှာကို စိုးရိမ်ရတယ်လို့ ဩစတြေးလျ ထောက်လှမ်းရေးအကြီးအကဲက ပြောပါတယ်။

Duration:00:09:21

Ask host to enable sharing for playback control

၂၀၂၅ ဖေဖော်ဝါရီ ၁၉ လျပ်တပြတ်သတင်းများ

2/19/2025
ဒီကနေ့ထိပ်တန်းရောက်နေတဲ့ သတင်းတွေက မွတ်ဆလင်အမျိုးသမီး နှစ်ဦးကို တိုက်ခိုက်ခဲ့သူကို ဖမ်းမိထားတဲ့အကြောင်း ဗဟိုဘဏ်က အတိုးနှုန်း အနည်းငယ်လျှော့ချပေးလိုက်ပြီး နောက်ထပ် လျှော့ချဖို့ သိပ်မျှော်လင့်ချက် မထားဖို့ သုံးသပ်ပြောဆိုနေတဲ့အကြောင်းနဲ့ အမျိုးသမီး Super Rugby ရာသီ စတင်လိုက်တဲ့သတင်းတွေအပြင် တခြားထူးခြားတဲ့ သတင်းတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

Duration:00:06:30

Ask host to enable sharing for playback control

ကျားဖြန့်စစ်ဆင်ရေး လာရာနဲ့ လားရာ

2/18/2025
ထိုင်း မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ရှိရာ ဒေသတွေမှာ အခုရက်ပိုင်း လှုပ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Duration:00:11:02

Ask host to enable sharing for playback control

ဩစီကျောင်းမှာ မြန်မာစာ ပထမဆုံး စတင်သင်ကြားပြီ

2/18/2025
မဲလ်ဘုန်းမြို့က စာသင်ကျောင်းနှစ်ခုမှာ မြန်မာစာကို ပထမဆုံးအကြိမ် သင်ကြားမှု လုပ်နေပါတယ်။.

Duration:00:10:02

Ask host to enable sharing for playback control

အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းက မြန်မာ့နိုင်ငံရေးအပေါ် ဘယ်လို သက်ရောက်နိုင်သလဲ

2/18/2025
အာဂျင်တီးနား တရားရုံးက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံသား အယောက် ၂၀ ကျော်ကို ဖမ်းဝရမ်း ထုတ်ထားပါတယ်။ ဒီအထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား ထိပ်သီးခေါင်းဆောင်တွေ ပါဝင်သလို တဖက်မှာလည်း သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ပါ ပါဝင်နေပါတယ်။.

Duration:00:12:09

Ask host to enable sharing for playback control

ဆောက်ပြီးသားအိမ်တွေကို နိုင်ငံခြားသားတွေဆို ဝယ်ခွင့်မပေး

2/18/2025
ဩစတြေးလျ အစိုးရက ဧပြီလကစပြီး နိုင်ငံခြားသားတွေကို ဩစတြေးလျနိုင်ငံက ဆောက်ပြီးသား အိမ်တွေကို ဝယ်ယူခွင့် အနည်းဆုံး ၂ နှစ် ပိတ်ပင်မှာ ဖြစ်ပါတယ်။.

Duration:00:05:52

Ask host to enable sharing for playback control

၂၀၂၅ ဖေဖော်ဝါရီ ၁၈ သတင်းများ

2/18/2025
ဒီကနေ့ ထိပ်တန်းရောက်တဲ့ သတင်းတွေထဲမှာ နိုင်ငံခြားသားတွေကို ဆောက်ပြီးသားအိမ် ဝယ်ခွင့်မပေးတဲ့အကြောင်း တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နဲ့ ဩစတြေးလျ လေယာဥ်တို့ တိုက်လုခါနီး ဖြစ်ပေါ်ပြီး

Duration:00:08:49

Ask host to enable sharing for playback control

MiniPod: Ep6 Talking about community services| Starting Out | English on Repeat (Easy) - MiniPod: Ep6 လူမှုဝန်ဆောင်ရေးရာအကြောင်း| Starting Out | English on Repeat (Easy)

2/16/2025
Listen to 'English on Repeat,' a podcast to help us improve our speaking skills: What day do the bins get emptied?| Which bin goes out tonight?| There are activities at the community centre. | Our library has English classes. - သင့်ရဲ့ အင်္ဂလိပ်စကားပြော အရည်အချင်း တိုးတက်စေဖို့အတွက် English on Repeat အစီအစဥ်ကို နားဆင်နိုင်ပါတယ်။ နောက်ဆုံးသင်ခန်းစာဖြစ်တဲ့ သင်ခန်းစာ ၆ မှာတော့ What day do the bins get emptied?| Which bin goes out tonight?| There are activities at the community centre. | Our library has English classes. ဆိုတဲ့အကြောင်း ပြောဆိုကြတာကို လေ့လာနိုင်ပါတယ်။

Duration:00:07:09

Ask host to enable sharing for playback control

၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက် သတင်းများ

2/12/2025
ဂျူးလူမျိုး လူနာတွေကို ကုသမယ့်အစား သတ်ပစ်မယ်လို့ သူနာပြုနှစ်ဦး ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး NSW ကျန်းမာရေးဝန်ကြီးက ဂျူးတွေကို တောင်းပန်လိုက်တဲ့အကြောင်း ယူကေနိုင်ငံက ကစားကွင်းတစ်ခုမှာ ဗုံးတွေတွေ့ရှိခဲ့တဲ့အကြောင်းနဲ့ DKBA က သူတို့နယ်အတွင်းက ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းကနေ ထိန်းချုပ်ထားတဲ့ လူတွေကို လွတ်ပေးလိုက်တဲ့အကြောင်းတွေအပြင် တခြားထူးခြားတဲ့ သတင်းတွေ ကိုလည်း ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

Duration:00:06:44

Ask host to enable sharing for playback control

၂၀၂၅ ဖေဖော်ဝါရီ ၁၂ လျပ်တပြတ်သတင်းများ

2/12/2025
ဒီနေ့ထိပ်တန်းရောက်နေတဲ့ သတင်းတွေကတော့ အမေရိကန်က သံမဏိနဲ့ အလူမီနီယံ တင်သွင်းမှုနဲ့ ပတ်သက်ပြီး ဩစတြေးလျကို ချွင်းချက်မပေးနိုင်ဘူးလို့ တုန့်ပြန်တဲ့အကြောင်း အီဂျစ်က ဂါဇာဒေသမှာ ပါလစ္စတိုင်းသားတွေ ဆက်လက်နေထိုင်နိုင်မယ့် အနာဂတ်မျှော်မှန်းချက်တွေ ရှိတယ်လို့ ပြောတဲ့အကြောင်းနဲ့ စပိန်ဘောလုံးအသင်း မန်နေဂျာ Luis Rubiales က သူ့မှာ ကစားသမားကို နှမ်းခွင့်ရှိတယ်လို့ တရားရုံးမှာ ထွက်ဆိုတဲ့ သတင်းတွေအပြင် တခြား ထူးခြားတဲ့ သတင်းတွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။

Duration:00:08:07

Ask host to enable sharing for playback control

ကျားဖြန့်နှိမ်နှင်းရေးစီမံချက်ထဲက မြေဇာပင်ပြည်သူများ

2/11/2025
နိုင်ငံတကာဖိအားပေးလာတဲ့ ကျားဖြန့်ဂယက်တွေကြားထိုင်းအာဏာပိုင်တွေက ပိတ်ပင်မှုအချို့ကို စတင်ခဲ့ပါတယ်။

Duration:00:10:59